ဘာသာစကားရွေးချယ်ရန်

08/12/22

သုံးငွေ ဖြုန်းငွေ

ကိုယ့်လက်ထဲငွေဘယ်လောက်ရှိတာ၊ ကိုယ့်အခြေအနေဘယ်လိုမျိုးရှိတာ ကိုယ်တိုင်ပဲအသိဆုံးပါ . . . ကိုယ့်ရဲ့တစ်လဝင်ငွေက သိန်းဆယ်ချီဝင်နေတာမျိုး မဟုတ်ဘူးဆိုရင် ကိုယ့်အတွက်အကျိုးမရှိနိုင်တဲ့ တကိုယ်ရေအသုံးပြုဖို့ ဇိမ်ခံပစ္စည်းတွေအတွက် သိန်းဆယ်ချီတဲ့ အသုံးအဆောင်တွေ ဝယ်ကိုင်ဖို့ မသင့်တော်သေးပါဘူး။ သူများ အိုင်ဖုန်းကိုင်လို့ ကိုယ်ကလည်း အိုင်ဖုန်းကိုင်ချင်တာ၊ သူများကားဝယ်စီးလို့ ကိုယ်လည်းကားဝယ်စီးချင်တာ၊ သူများတွေ Luxury Branded တွေ ဝယ်သုံးလို့ ကိုယ်လည်းဝယ်သုံးချင်တာ ကိုယ့်ရဲ့အပြစ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ဆန္ဒအရဖြစ်ပေါ်လာတဲ့ လိုချင်တပ်မက်မှုလေးတွေပါ။ ဒါပေမယ့် ကိုယ်က သူများတွေကိုင်သလို သူများတွေသုံးသလို သုံးချင်ရင် တခြားလူရဲ့ ဝင်ငွေနဲ့ကိုယ့်ရဲ့ဝင်ငွေ အခြေအနေချင်း တူမတူကို အရင်စဉ်းစားပါ။ သူများကိုအားကျပြီး ကိုယ်ရဲ့ဝင်ငွေနည်းနည်းလေးနဲ့ အိုင်ဖုန်းဝယ်ကိုင်လိုက်ပါပြီတဲ့ ကိုယ့်အတွက်လိုအပ်လို့ အသုံးလိုလို့ဆိုရင်တော့ ပြဿနာသိပ်မရှိပေမယ့် ပေါ်ပင်ဖြစ်ချင်လို့ လူကြားထဲထင်ပေါ်ချင်လို့ ဝယ်ကိုင်လိုက်တာဆိုရင်တော့ ကိုယ့်အတွက် ဘာမှအကျိုးမရှိပါဘူး။ ကိုယ့်အတွက် အဆင်မပြေနိုင်သေးပဲ ဇိမ်ခံပစ္စည်းတွေကို ငွေကြေးအကုန်ခံပြီး ပေါ်ပင်ဖြစ်အောင်လုပ်မယ့်အစား ကိုယ့်ဘဝတိုးတက်ဖို့ ကိုယ့်လုပ်ငန်းတိုးတက်ဖို့ လိုအပ်တဲ့အထောက်အပံ့ရစေမယ့် ပစ္စည်းလေးတွေ၊ အသုံးအဆောင်လေးတွေကို အနာဂါတ်အတွက် အရင်းအနှီးတစ်ခုအနေနဲ့ အသုံးပြုလိုက်မယ်ဆိုရင် ဘယ်လောက်တောင် အကျိုးရှိလိုက်မလဲလေနော် . . . ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာတွေအတွက် ကိုယ့်ရဲ့ငွေကို ကောင်းကောင်းမွန်မွန်အသုံးချမယ်ဆိုရင် ကိုယ်အောင်မြင်လာတဲ့အခါ Branded တွေ Luxury Product တောင်မလိုတော့ပဲ တကိုယ်တော် တောက်ပနေမှာ သေချာပါတယ်။ Casper Lin (Online စီးပွားရေး အကြံပေး) ချစ် ခင် လေး စား စွာဖြင့် #မိုး ☂

No comments: