ဘာသာစကားရွေးချယ်ရန်

10/12/22

ပေါင်းသင်းဆက်ဆံရေးတြိဂံ

လူဝင်ဆံ့ချင်ပါသလား ? ပျော်ရွှင်ချင်ပါသလား ? ဒီတြိဂံလေး မမေ့ပါနဲ့ အမြဲပြောလေ့ရှိတဲ့ ပေါင်းသင်းဆက်ဆံရေး တြိဂံလေးက ... ၁ ။ Respect လေးစားမှု ၂ ။ Trust ယုံကြည်မှု ၃ ။ Love ချစ်ခြင်းမေတ္တာ #Respect လေးစားမှု ဆိုတာ သိပ်ခင်တဲ့ သူငယ်ချင်းတွေ ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ ၊ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်တွေ၊ လင်မယားတွေကြားမှာ အပြန်အလှန် respect ထား ဆက်ဆံစရာ လိုသေးလို့လားလို့မေးကြတယ် ။ " လိုတယ် ။ လိုတာမှ အကြီးကြီးကို လိုတာ " လူလူခြင်း လူ့ဂုဏ်သိက္ခာကို လေးစားပေးရတယ် ။ ခင်လို့မင်လို့ စနောက်ရင်တောင် သူ့သိက္ခာကျစေတဲ့ စကားမသုံးရပါဘူး ။ သုံးရင် ဘာဖြစ်လဲဆိုတော့ မိတ်ပျက်ပါတယ် ။ ဒါလေးတောင် သည်းမခံနိုင်ဘူး မတွေးပါနဲ့ ။ တချို့လူတွေမှာ နဲနဲမှအထိမခံနိုင်တဲ့ တန်းဖိုးထားခြင်းတွေ ရှိနေတတ်ပါတယ် ။ ခင်ခင်မင်မင်ဆက်ဆံပါ ။ ရင်းရင်းနှီးနှီးစနောက်ပါ ။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာကိုတော့ လေးစားပါ ။ #Trust ယုံကြည်မှု ရှင်းပါတယ် ။ ယုံကြည်နိုင်လောက်အောင် ရိုးသားပါ ။ ပွင့်လင်းမြင်သာရှိပါစေ ။ ယုံကြည်မှုဆိုတာ တစ်ခါပျက်သွားရင် ထိုသူအပေါ် တစ်သက်လုံး ယုံကြည်မှု ရှိတော့မှာ မဟုတ်တော့ပါ ။ #Love ချစ်ခြင်းမေတ္တာ ဒီနေရာမှာပြောတဲ့ ချစ်ခြင်းမေတ္တာဆိုတာ ကိုယ် ချင်းစာမှုပေါ် အခြေတည်ပါတယ် ။ သူ့နေရာမှာ ငါသာဆိုရင်လို့ တွေးပြီး နားလည်ပေး ချစ်ပေးကြပါ ။ လူဆိုတာ ပေါင်းသင်းဆက်ဆံရေး သတ္တဝါပါ ။ လူတွေရဲ့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်း အများစုက ပေါင်းသင်းဆက်ဆံရေးတွေအပေါ် မူတည်ပါတယ် ။ ကိုယ့်ပတ်ဝန်းကျင်ကို ပိုပြီး အကျိုးပြုနိုင်သူတွေဖြစ်ပြီး ပျော်ရွှင်စွာနဲ့ လူဝင်ဆံ့တဲ့ မျိုးဆက်သစ်တွေ ... လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်တဲ့ လူကြီး လူကောင်းတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်လျက် ... #Crd : မူရင်းရေးသူ

No comments: