ဘာသာစကားရွေးချယ်ရန်

11/12/22

ဥာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့!

ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ ! ___________________________ တစ်ခါက ရွာတစ်ရွာမှာ လူ၂ယောက် တစ်နေကုန်စကားများငြင်းခုန်နေကြတယ်။ တစ်ယောက်က ၈x၃=၂၁ လို့ပြောတယ်။ နောက်တစ်ယောက်က "မဟုတ်ဘူး မှားနေတယ်။ ၈x၃=၂၄ မှ အမှန်" ဆိုပြီး စကားများကြတာ ရွာသူကြီးအိမ်ရောက်လာကြတယ်။ သူကြီးက ဖြစ်စဉ်ကိုနားထောင်ပြီး ၂၄ လို့ပြောတဲ့သူကို ကြိမ်ဒဏ်ပေးခိုင်းလိုက်တယ်။ ရိုက်ခံရတဲ့သူကမကျေမနပ်နဲ့ သူကြီးကို ပြန်ပြောတယ်။ သူမမှားဘဲနဲ့ ဘာလို့ ကြိမ်ဒဏ်ပေးခံရသလဲပေါ့။ သူကြီးကပြောတယ် ၈x၃ =၂၁ လို့ပြောတဲ့သူနဲ့ တစ်နေ ကုန် ငြင်းခုန်ပြီးစကားများနိုင်ရအောင် မင်းလောက်အသိဉာဏ်မရှိတဲ့သူကို အပြစ်မပေးရင် ဘယ်သူ့ကို အပြစ်ပေးရမလဲဆိုပြီး ပြောပာတယ်။ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာလည်း ဒီလိုလူတွေနဲ့ အမြဲတွေ့ရတတ်ပါတယ်။ လျှာအရိုးမရှိတိုင်းပေါက်တတ်ကရတွေပြောပြီး သူထင်ရာပဲအမြဲမှန်တယ်လို့ထင်နေတတ်တဲ့သူနဲ့ ပြိုင်ငြင်းရင် ပါးစပ် ( ၁၀) ပေါက်လောက်ပါလဲ ပြိုင်ငြင်းနိုင်မှာမဟုတ်ပါဘူး။ နောက်ဆုံး ဒုက္ခရောက်ပြီး ဉာဏ်မရှိတဲ့လူက ကိုယ်ဖြစ်သွားနိုင်ပါတယ်။ ဒီအတိုင်းလွှတ်ထားလိုက်တာက ပိုအဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ ! မူရင်း - Credit

No comments: