ဘာသာစကားရွေးချယ်ရန်

07/12/22

အသီးမှာသရက်

ကျွန်တော် လုံးဝ မသိခဲ့ ။ 👇👇 ကျန်တဲ့သူတွေရော ကျွန်တော် လို အမှားကြီးပဲ သိထားကြတာလား ခင်ဗျ ✍ *အသီးမှာသရက် * အသားမှာဝက် * အရွက်မှာလက်ဖက် ဟူသောစကားကိုကြားဖူးကြမည်ဖြစ်ပါသည်။ အမှန်ဟုလည်းထင်နေကြမည် ဟုယုံကြည်ပါသည်။ ကျွန်ေတာ်လည်းထိုစကားကိုအမှန်ဟုယုံကြည်ခဲ့ပါသည်။ အမှန်မှာ..... ထိုသို့မဟုတ်ပါကြောင်း ထိုနေ့ကဆရာတော်ဟောကြားသောတရားစကားစုအချို့မှမှတ်သားသိရှိခဲ့ရပါသည်။ ရှေ.ယခင်လူကြီးသူမတို့ထားခဲ့ကြသည့်စကားအမှန်မှာ... (၁) အသီးမှာသရက်မဟုတ်ပါ။ အသီးဆိုရင်အပင်ကခူးပြီးတစ်ရက်ပဲထားပါ တစ်ရက်ထက်ပိုကြာရင် အသီးမှာပါဝင်တဲ့အာဟာရဓါတ်များလျော့ပါးသွားတတ်ပါတယ်။ "အသီးမှာတစ်ရက်" ဟုဆိုလို့ခြင်းဖြစ်ပါတယ်။ (၂) အသားမှာဝက်မဟုတ်ပါ။ အသားကိုစားမယ်ဆိုရင်တစ်ဝက်၊ ဝက်ပြီးအသီးအနှံနှင့်ရောချက်ပါလို့ဆိုလိုခြင်းသာဖြစ်ပါတယ်။ "အသားမှာထက်ဝက်" ဖြစ်ပါတယ်။ (၃) အရွက်မှာလက်ဘက်မဟုတ်ပါ။ အရွက်လေးတွေကိုခူးချက်တော့မယ်ဆိုရင် ဓါး ကတ်ကြေး စသည်တို့နှင့်မဖြတ်ဘဲ၊ လက်ကလေးနဲ့ဖဲ့ချွေပြီးမှချက်ပါက အာဟာရပို၍ဖြစ်စေပါတယ်။ "အရွက်မှာလက်ဖဲ့"ဟု ဆိုလိုခြင်းသာဖြစ်ပါသည်။ ဟု မရှိခဏဆရာတော်ဘုရား၏တရားတော်တွင် ပါရှိပါသည်။ အမှားကြာ၍အမှန်ထင်နေကြသည့်စကားများဟု ဗဟုသုတအဖြစ်မှတ်သားသိရှိခဲ့ရပါသည်။ ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။

ခင်လေး

(ပြည်ထောင်စုနယ်မြေ)

(Edited Male Version) Credit to original uploader

No comments: