ဘာသာစကားရွေးချယ်ရန်
25/12/22
ဘဝအတွက်ခွန်အားစာစုလေးများ
မိမိကိုယ်ကို သူတစ်ပါးနဲ့ လိုက်ပြီး နှိုင်းယှဉ်မနေပါနဲ့တော့ ။ လူတိုင်းဟာ သူ့ဘဝနဲ့ သူ ၊ သူ့ကံကြမ္မာနဲ့ သူ လာတာပါ ။ ဒီအတွက်နဲ့ ကိုယ့်ဘဝကို အပြစ်တင်စရာမလိုပါဘူး ။ အားငယ် လက်လျှော့စရာမလိုပါဘူး ။ ဒါဟာ လက်ခံရမယ့် ကိုယ့်ဘဝပါပဲ ။
လူတွေ အားလုံးမှာ ကောင်းတဲ့အကွက်တွေ ရှိကြတယ် ။ လုပ်နိုင်စွမ်းတွေ ၊ ဖန်တီး ကြိုးစားနိုင်စွမ်းတွေ ရှိကြပါတယ် ။ တစ်ယောက် နဲ့ တစ်ယောက်တော့ ဘယ်တူပါလိမ့်မလဲ ။ တစ်ပါးသူက ခြေလှမ်း ၁၀ လှမ်း လှမ်းတိုင်း ကိုယ်က ခြေလှမ်း ၁၀ လှမ်း လိုက်လှမ်းစရာ မလိုပါဘူး ။ သူ့အထွာနဲ့ သူ ၊ ကိုယ့်အထွာနဲ့ ကိုယ်ပါ ။ ဘဝပေး အခြေအနေတွေ ၊ နောက်ခံ Background တွေ မတူညီကြတာဖြစ်တဲ့အတွက် ကိုယ့်အထွာနဲ့ ကိုယ် ကြိုးစားလို့ အဆင်ပြေပါတယ် ။ မိမိကိုယ်မိမိပဲ နှိုင်းယှဉ်ပါ ။
မိမိကိုယ်မိမိ ယုံကြည်ပါ ။ “ You're always enough ” ပါ ။ ကိုယ်ဟာ လုံလောက်တယ် ။ ပြည့်စုံတယ် ဆိုတာကို ယုံကြည်ပါ ။ အခြားလူတွေနဲ့ လိုက်ပြီး နှိုင်းယှဉ်နေသရွေ့တော့ ကိုယ့်ရဲ့ဘဝဟာ ဘယ်တော့မှ ပြည့်စုံလုံလောက်မှာ မဟုတ်ပါဘူး ။ ကိုယ့်မှာရှိတဲ့ အရာတွေနဲ့ပဲ ကိုယ့်ရဲ့ဘဝကို အကောင်းဆုံး အလှဆင်ပါ ။
📖 “ စိတ်လုံခြုံမှုရပ်ဝန်းငယ် ” စာအုပ်မှ
#စိတ်လုံခြုံမှုရပ်ဝန်းငယ် #စူးရှမေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment