ဘာသာစကားရွေးချယ်ရန်
25/12/22
ဘဝအတွက်ခွန်အားစာစုလေးများ
12/12/22
11/12/22
ဥာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့!
10/12/22
ပေါင်းသင်းဆက်ဆံရေးတြိဂံ
08/12/22
သုံးငွေ ဖြုန်းငွေ
ဘုန်းကြီးတစ်ပါးရေးတဲ့ကဗျာ
"မြေလှန်ပြီး မြေဆီထုတ်ကပ်မယ်"ဆိုတဲ့ တန်ခိုးပြင်းထန် အရှင်မောဂ္ဂလာန်ကို မြတ်ဗုဒ္ဓက တားတယ်။ နောက်ဘုန်းတော်များကျ အသားပြွမ်းတဲ့ သလေးဆွမ်းကိုတောင် နှာခေါင်းရှုံ့ကြဦးမယ်တဲ့ ။
နှစ်၂၅၀၀ကျော်ကို လှမ်းကြည့်ပြီး ပစ်ပေါက်လိုက်တဲ့ စကားတစ်ခွန်းက နျုကလီးယားထိပ်ဖူးတပ် ဒုံးကျည်ထက် အဆတရာမက ပြင်းတယ်။
ထိချက်က တစ်ဆံခြည်မလွဲ ဒီကနေ့ အားလုံးနဖူးတည့်တည့်မှာ သွေးစွန်းအောင် မှန်နေပြီပဲလေ။ ။
အရှင်ကုမာရ ( ပခုက္ကူ )
**************ပညာရှိသူတော်ကောင်းများ အမိမြေရှိဗုဒ္ဓသာသနာတော်ကို အချိန်မှီကယ်တင်နိုင်ရန်အတွက် အထက်ဖော်ပြပါကဗျာလေးကို များများဖြန့်ဝေပေးစေလိုပါသည်။ အရှင်တေဇနိယ(မန်းတောင်ခြေ) #CREDIT. photo also
07/12/22
အသီးမှာသရက်
ခင်လေး
(ပြည်ထောင်စုနယ်မြေ)
(Edited Male Version) Credit to original uploader05/12/22
Credit From KBZ PAY
"ပတ္တမြားမှန်ရင် နွံမနစ်ဘူး" ဆိုတဲ့ စကားအတိုင်း အရည်အချင်းတွေသာ ပြည့်ဝနေမယ်ဆိုရင် တိုးတက်ရာလမ်းကြောင်းကို ဘယ်သူမှ ပိတ်ပင်ထားဖို့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် အရည်အချင်းတွေနဲ့ တောက်ပြောင်နေသူကို အလုပ်ရှင်တိုင်း၊ အကြီးအကဲတိုင်းက သဘောကျစမြဲ ဖြစ်ပြီး ရာထူးတိုးပေးဖို့၊ လစာတိုးပေးဖို့ ဦးစားပေး စဉ်းစားတတ်ကြလို့ပါပဲ။ အရည်အချင်းရှိသူကို လက်လွတ်မခံချင်တာကြောင့် အခွင့်အရေးတွေလည်း ပိုပေးတတ်ကြပါတယ်။
ဒါဆိုရင် ဘယ်လိုအရည်အချင်းတွေနဲ့ တောက်ပြောင်နေဖို့ လိုအပ်မလဲ။ သိချင်သွားပြီဆိုရင် ဒီဆောင်းပါးကိုသာ အဆုံးအထိ ဖတ်ကြည့်လိုက်ပါ။ ရာထူးတိုး၊ လစားတိုးစေမယ့် အရည်အချင်းတွေကို ရှာတွေ့ပါလိမ့်မယ်။
📌 ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ ဖြစ်ပါစေ📌
ဝန်ထမ်းကောင်းတစ်ယောက်လို့ ပြောလိုက်တာနဲ့ သူ့မှာ ရှိနေရမယ့် အရည်အချင်းတွေထဲမှာ ပေါင်းသင်းဆက်ဆံရေးစွမ်းရည် (Communication Skill) ဟာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ အလုပ်တွေ ပြီးမြောက်ဖို့ အထက်လူကြီးတွေနဲ့သာမက တခြားဝန်ထမ်းတွေနဲ့ပါ ကောင်းကောင်းချိတ်ဆက်အလုပ်လုပ်နိုင်ဖို့ လိုအပ်တာကြောင့်ပါပဲ။ ပိုမိုကောင်းမွန်စွာ ချိတ်ဆက်ပြောဆိုနိုင်လေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပိုရှိလေဖြစ်ပြီး အလုပ်လည်း ပိုတိုးတက်လာနိုင်ပါတယ်။ မလိုအပ်ဘဲ နားလည်မှုလွဲတာတွေ နည်းသွားပြီး လုပ်ငန်းခွင်ပြဿနာတွေလည်း လျော့လာနိုင်ပါတယ်။
📌 အချိန်နဲ့အဖွဲ့အစည်းကို ကောင်းကောင်းစီမံခန့်ခွဲတတ်ပါစေ
လုပ်ငန်းကြီးရင်ကြီးသလောက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ၊ ကြုံတွေ့ရမယ့် ပြဿနာတွေနဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့် အလုပ်တွေက များပြားတတ်ပါတယ်။ ဘယ်က စလုပ်လို့ လုပ်ရမှန်း မသိအောင်လည်း ရှုပ်ထွေးနိုင်ပါတယ်။ ဒီနေရာမှာ ဒါတွေကို စနစ်တကျ စီမံခန့်ခွဲတတ်သူက တစ်ပန်းသာပြီး အလုပ်တွင်သူအဖြစ် ပုံရိပ်ထင်ကျန်စေမှာ ဖြစ်ပါတယ်။ အချိန်ကို ကောင်းကောင်း စီမံတတ်မယ်၊ လုပ်ရမယ့်အလုပ်တွေကို ကောင်းကောင်း ခန့်ခွဲတတ်မယ်၊ အတူတွဲလုပ်သူတွေနဲ့လည်း ချိန်ညှိလုပ်ဆောင်တတ်မယ်ဆိုရင် ... သေချာပြီ၊ စီမံခန့်ခွဲရတဲ့ မန်နေဂျာရာထူး ပေးဖို့ ထည်သွင်းစဉ်းစားခံရနိုင်ပါတယ်။
📌 တီထွင်ကြံဆနိုင်စွမ်း ရှိပါစေ
ပန်းတိုင်တူတဲ့ အလုပ်တစ်ခုကို ပေးလိုက်တယ် ဆိုပါစို့။ အဲဒီပန်းတိုင်ကို အချိန်တိုအတွင်း ရောက်ရှိအောင် ပို့ဆောင်ပေးမယ့်လမ်းကြောင်းကို ဘယ်လိုအရည်အချင်းက ဖော်ဆောင်ပေးတယ် ထင်ပါသလဲ။ ဟုတ်ပါတယ် ... အများနဲ့မတူအောင် သစ်ဆန်းတဲ့ အတွေးသစ်၊ အမြင်သစ်တွေကို ပေးစွမ်းမယ့် တီတွင်ဖန်တီးကြံဆနိုင်စွမ်းပါပဲ။ ဘယ်လိုအလုပ်မျိုးကိုမဆို အိုင်ဒီယာကောင်းသူက တိုးတက်အောင် ကြံဆနိုင်သလိုပဲ အဲဒီလိုကြံရည်ဖန်ရည်ကောင်းတဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်ရှင်နဲ့ အကြီးအကဲတွေက သဘောကျတတ်ပါတယ်။ ဒါကြောင့် အတွေးသစ်၊ အမြင်သစ်တွေနဲ့ အလုပ်လုပ်တတ်ဖို့ ကြိုးစားအားထုတ်နေသူ ဖြစ်ပါစေနော်။
📌 အကဲဖြတ်စွမ်းရည်လည်း ကောင်းပါစေ
အကဲဖြတ်တယ်ဆိုတဲ့ နေရာမှာ (၂) မျိုး တွေးကြည့်နိုင်ပါတယ်။ တစ်ခုက ကိုယ့်အားသာချက်၊ အားနည်းချက်တွေနဲ့ပတ်သက်တာဖြစ်ပြီး နောက်တစ်ခုကတော့ လုပ်ငန်းတိုးတက်မှု၊ ဆုတ်ယုတ်မှုနဲ့ ပတ်သက်ပါတယ်။ ဒီနေရာမှာ ဘာလို့ အလုပ်ရှင်နဲ့ အကြီးအကဲတွေက အကဲဖြတ်စွမ်းရည်ကို သဘောကျကြသလဲဆိုရင် အကဲဖြတ်နိုင်တွေသူကပဲ ကိုယ်တိုင်တင်သာမက လုပ်ငန်းရဲ့တိုးတက်မှုကို ရှာဖွေနေကြလို့ပါပဲ။ ကျရှုံးနေတယ်ဆိုရင် ဘာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရသလဲ လေ့လာမယ်၊ ဘယ်လိုတိုးတက်အောင် ပြန်လုပ်ဆောင်ရမလဲ ရှာဖွေမယ်၊ ဒီလိုနည်းနဲ့ လုပ်ငန်းကို တိုးတက်ခြင်းဆီ အရောက်ပို့နိုင်ကြလို့ပါပဲ။ ဒီလိုကြိုးစားအားထုတ်တတ်သူက ရာထူးတိုး၊ လစာတိုးခံရဖို့ အခွင့်အရေးများတတ်ကြပါတယ်။
📌 ယုံကြည်စိတ်ချရသူ ဖြစ်ပါစေ
လုပ်ငန်းရှင်နဲ့ အကြီးအကဲတွေဟာ တခြားအရေးကြီးတဲ့ အလုပ်တွေကို အချိန်ပေးလုပ်ဆောင်ဖို့ တချို့အလုပ်တွေကို လက်လွှဲပေးချင်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အလုပ်က လစာကိစ္စလို လျှို့ဝှက်ထားဖို့ လိုအပ်တဲ့အတွက် ဒီအလုပ်ကို လက်လွှဲပေးမယ့်သူဟာ ယုံကြည်ရတဲ့သူ ဖြစ်ဖို့လည်း လိုနေပါတယ်။ ဒါဆို ဘယ်လိုလူမျိုးကို သူ ရှာဖွေမလဲ။ စိတ်ချယုံကြည်ရလောက်အောင် နှုတ်လုံမှု၊ ရိုးသားမှု၊ ပွင့်လင်းမှုတွေနဲ့ ပြည့်စုံနေတဲ့သူပေါ့။ အဲဒီလူကသာ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ အလုပ်ဖြစ်တဲ့တိုင်အောင် လွဲချော်မှုမရှိ၊ ပေါက်ကြားမှုမရှိ အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အကြီးအကဲတို့ရဲ့ ယုံကြည်မှုကို ရတဲ့အတွက်လည်း ရာထူးတိုးခံရဖို့ အခွင့်အရေးဟာ လက်တစ်ကမ်းအကွာမှာပါပဲ။
လိုက်နာကျင့် ကြံပါက ဘဝတစ်စိတ်တစ်ပိုင်းအ ေထာက်အကူြပုမှာပါ ။