ဘာသာစကားရွေးချယ်ရန်

25/12/22

ဘဝအတွက်ခွန်အားစာစုလေးများ

မိမိကိုယ်ကို သူတစ်ပါးနဲ့ လိုက်ပြီး နှိုင်းယှဉ်မနေပါနဲ့တော့ ။ လူတိုင်းဟာ သူ့ဘဝနဲ့ သူ ၊ သူ့ကံကြမ္မာနဲ့ သူ လာတာပါ ။ ဒီအတွက်နဲ့ ကိုယ့်ဘဝကို အပြစ်တင်စရာမလိုပါဘူး ။ အားငယ် လက်လျှော့စရာမလိုပါဘူး ။ ဒါဟာ လက်ခံရမယ့် ကိုယ့်ဘဝပါပဲ ။ လူတွေ အားလုံးမှာ ကောင်းတဲ့အကွက်တွေ ရှိကြတယ် ။ လုပ်နိုင်စွမ်းတွေ ၊ ဖန်တီး ကြိုးစားနိုင်စွမ်းတွေ ရှိကြပါတယ် ။ တစ်ယောက် နဲ့ တစ်ယောက်တော့ ဘယ်တူပါလိမ့်မလဲ ။ တစ်ပါးသူက ခြေလှမ်း ၁၀ လှမ်း လှမ်းတိုင်း ကိုယ်က ခြေလှမ်း ၁၀ လှမ်း လိုက်လှမ်းစရာ မလိုပါဘူး ။ သူ့အထွာနဲ့ သူ ၊ ကိုယ့်အထွာနဲ့ ကိုယ်ပါ ။ ဘဝပေး အခြေအနေတွေ ၊ နောက်ခံ Background တွေ မတူညီကြတာဖြစ်တဲ့အတွက် ကိုယ့်အထွာနဲ့ ကိုယ် ကြိုးစားလို့ အဆင်ပြေပါတယ် ။ မိမိကိုယ်မိမိပဲ နှိုင်းယှဉ်ပါ ။ မိမိကိုယ်မိမိ ယုံကြည်ပါ ။ “ You're always enough ” ပါ ။ ကိုယ်ဟာ လုံလောက်တယ် ။ ပြည့်စုံတယ် ဆိုတာကို ယုံကြည်ပါ ။ အခြားလူတွေနဲ့ လိုက်ပြီး နှိုင်းယှဉ်နေသရွေ့တော့ ကိုယ့်ရဲ့ဘဝဟာ ဘယ်တော့မှ ပြည့်စုံလုံလောက်မှာ မဟုတ်ပါဘူး ။ ကိုယ့်မှာရှိတဲ့ အရာတွေနဲ့ပဲ ကိုယ့်ရဲ့ဘဝကို အကောင်းဆုံး အလှဆင်ပါ ။ 📖 “ စိတ်လုံခြုံမှုရပ်ဝန်းငယ် ” စာအုပ်မှ #စိတ်လုံခြုံမှုရပ်ဝန်းငယ် #စူးရှမေ

12/12/22

Birthday Wishများအတွက်ကျေးဇူးတင်ပါတယ်

Thanks For your birthday wish

Happy Birthday to Me Birthday Wishလုပ်ပေးကြသော ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီလေး၊ ညီမလေးများ အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ည(၈)နာရီ Official Accountမှာ Liveရှိပါမယ်ခင်ဗျာ။ Liveနဲ့အတူ Secret Codeကို တစ်ပါတည်း ဖော်ပြပေးမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။😁😁😁😁

11/12/22

ဥာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့!

ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ ! ___________________________ တစ်ခါက ရွာတစ်ရွာမှာ လူ၂ယောက် တစ်နေကုန်စကားများငြင်းခုန်နေကြတယ်။ တစ်ယောက်က ၈x၃=၂၁ လို့ပြောတယ်။ နောက်တစ်ယောက်က "မဟုတ်ဘူး မှားနေတယ်။ ၈x၃=၂၄ မှ အမှန်" ဆိုပြီး စကားများကြတာ ရွာသူကြီးအိမ်ရောက်လာကြတယ်။ သူကြီးက ဖြစ်စဉ်ကိုနားထောင်ပြီး ၂၄ လို့ပြောတဲ့သူကို ကြိမ်ဒဏ်ပေးခိုင်းလိုက်တယ်။ ရိုက်ခံရတဲ့သူကမကျေမနပ်နဲ့ သူကြီးကို ပြန်ပြောတယ်။ သူမမှားဘဲနဲ့ ဘာလို့ ကြိမ်ဒဏ်ပေးခံရသလဲပေါ့။ သူကြီးကပြောတယ် ၈x၃ =၂၁ လို့ပြောတဲ့သူနဲ့ တစ်နေ ကုန် ငြင်းခုန်ပြီးစကားများနိုင်ရအောင် မင်းလောက်အသိဉာဏ်မရှိတဲ့သူကို အပြစ်မပေးရင် ဘယ်သူ့ကို အပြစ်ပေးရမလဲဆိုပြီး ပြောပာတယ်။ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာလည်း ဒီလိုလူတွေနဲ့ အမြဲတွေ့ရတတ်ပါတယ်။ လျှာအရိုးမရှိတိုင်းပေါက်တတ်ကရတွေပြောပြီး သူထင်ရာပဲအမြဲမှန်တယ်လို့ထင်နေတတ်တဲ့သူနဲ့ ပြိုင်ငြင်းရင် ပါးစပ် ( ၁၀) ပေါက်လောက်ပါလဲ ပြိုင်ငြင်းနိုင်မှာမဟုတ်ပါဘူး။ နောက်ဆုံး ဒုက္ခရောက်ပြီး ဉာဏ်မရှိတဲ့လူက ကိုယ်ဖြစ်သွားနိုင်ပါတယ်။ ဒီအတိုင်းလွှတ်ထားလိုက်တာက ပိုအဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ ! မူရင်း - Credit

10/12/22

ပေါင်းသင်းဆက်ဆံရေးတြိဂံ

လူဝင်ဆံ့ချင်ပါသလား ? ပျော်ရွှင်ချင်ပါသလား ? ဒီတြိဂံလေး မမေ့ပါနဲ့ အမြဲပြောလေ့ရှိတဲ့ ပေါင်းသင်းဆက်ဆံရေး တြိဂံလေးက ... ၁ ။ Respect လေးစားမှု ၂ ။ Trust ယုံကြည်မှု ၃ ။ Love ချစ်ခြင်းမေတ္တာ #Respect လေးစားမှု ဆိုတာ သိပ်ခင်တဲ့ သူငယ်ချင်းတွေ ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ ၊ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်တွေ၊ လင်မယားတွေကြားမှာ အပြန်အလှန် respect ထား ဆက်ဆံစရာ လိုသေးလို့လားလို့မေးကြတယ် ။ " လိုတယ် ။ လိုတာမှ အကြီးကြီးကို လိုတာ " လူလူခြင်း လူ့ဂုဏ်သိက္ခာကို လေးစားပေးရတယ် ။ ခင်လို့မင်လို့ စနောက်ရင်တောင် သူ့သိက္ခာကျစေတဲ့ စကားမသုံးရပါဘူး ။ သုံးရင် ဘာဖြစ်လဲဆိုတော့ မိတ်ပျက်ပါတယ် ။ ဒါလေးတောင် သည်းမခံနိုင်ဘူး မတွေးပါနဲ့ ။ တချို့လူတွေမှာ နဲနဲမှအထိမခံနိုင်တဲ့ တန်းဖိုးထားခြင်းတွေ ရှိနေတတ်ပါတယ် ။ ခင်ခင်မင်မင်ဆက်ဆံပါ ။ ရင်းရင်းနှီးနှီးစနောက်ပါ ။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာကိုတော့ လေးစားပါ ။ #Trust ယုံကြည်မှု ရှင်းပါတယ် ။ ယုံကြည်နိုင်လောက်အောင် ရိုးသားပါ ။ ပွင့်လင်းမြင်သာရှိပါစေ ။ ယုံကြည်မှုဆိုတာ တစ်ခါပျက်သွားရင် ထိုသူအပေါ် တစ်သက်လုံး ယုံကြည်မှု ရှိတော့မှာ မဟုတ်တော့ပါ ။ #Love ချစ်ခြင်းမေတ္တာ ဒီနေရာမှာပြောတဲ့ ချစ်ခြင်းမေတ္တာဆိုတာ ကိုယ် ချင်းစာမှုပေါ် အခြေတည်ပါတယ် ။ သူ့နေရာမှာ ငါသာဆိုရင်လို့ တွေးပြီး နားလည်ပေး ချစ်ပေးကြပါ ။ လူဆိုတာ ပေါင်းသင်းဆက်ဆံရေး သတ္တဝါပါ ။ လူတွေရဲ့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်း အများစုက ပေါင်းသင်းဆက်ဆံရေးတွေအပေါ် မူတည်ပါတယ် ။ ကိုယ့်ပတ်ဝန်းကျင်ကို ပိုပြီး အကျိုးပြုနိုင်သူတွေဖြစ်ပြီး ပျော်ရွှင်စွာနဲ့ လူဝင်ဆံ့တဲ့ မျိုးဆက်သစ်တွေ ... လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်တဲ့ လူကြီး လူကောင်းတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်လျက် ... #Crd : မူရင်းရေးသူ

08/12/22

သုံးငွေ ဖြုန်းငွေ

ကိုယ့်လက်ထဲငွေဘယ်လောက်ရှိတာ၊ ကိုယ့်အခြေအနေဘယ်လိုမျိုးရှိတာ ကိုယ်တိုင်ပဲအသိဆုံးပါ . . . ကိုယ့်ရဲ့တစ်လဝင်ငွေက သိန်းဆယ်ချီဝင်နေတာမျိုး မဟုတ်ဘူးဆိုရင် ကိုယ့်အတွက်အကျိုးမရှိနိုင်တဲ့ တကိုယ်ရေအသုံးပြုဖို့ ဇိမ်ခံပစ္စည်းတွေအတွက် သိန်းဆယ်ချီတဲ့ အသုံးအဆောင်တွေ ဝယ်ကိုင်ဖို့ မသင့်တော်သေးပါဘူး။ သူများ အိုင်ဖုန်းကိုင်လို့ ကိုယ်ကလည်း အိုင်ဖုန်းကိုင်ချင်တာ၊ သူများကားဝယ်စီးလို့ ကိုယ်လည်းကားဝယ်စီးချင်တာ၊ သူများတွေ Luxury Branded တွေ ဝယ်သုံးလို့ ကိုယ်လည်းဝယ်သုံးချင်တာ ကိုယ့်ရဲ့အပြစ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ဆန္ဒအရဖြစ်ပေါ်လာတဲ့ လိုချင်တပ်မက်မှုလေးတွေပါ။ ဒါပေမယ့် ကိုယ်က သူများတွေကိုင်သလို သူများတွေသုံးသလို သုံးချင်ရင် တခြားလူရဲ့ ဝင်ငွေနဲ့ကိုယ့်ရဲ့ဝင်ငွေ အခြေအနေချင်း တူမတူကို အရင်စဉ်းစားပါ။ သူများကိုအားကျပြီး ကိုယ်ရဲ့ဝင်ငွေနည်းနည်းလေးနဲ့ အိုင်ဖုန်းဝယ်ကိုင်လိုက်ပါပြီတဲ့ ကိုယ့်အတွက်လိုအပ်လို့ အသုံးလိုလို့ဆိုရင်တော့ ပြဿနာသိပ်မရှိပေမယ့် ပေါ်ပင်ဖြစ်ချင်လို့ လူကြားထဲထင်ပေါ်ချင်လို့ ဝယ်ကိုင်လိုက်တာဆိုရင်တော့ ကိုယ့်အတွက် ဘာမှအကျိုးမရှိပါဘူး။ ကိုယ့်အတွက် အဆင်မပြေနိုင်သေးပဲ ဇိမ်ခံပစ္စည်းတွေကို ငွေကြေးအကုန်ခံပြီး ပေါ်ပင်ဖြစ်အောင်လုပ်မယ့်အစား ကိုယ့်ဘဝတိုးတက်ဖို့ ကိုယ့်လုပ်ငန်းတိုးတက်ဖို့ လိုအပ်တဲ့အထောက်အပံ့ရစေမယ့် ပစ္စည်းလေးတွေ၊ အသုံးအဆောင်လေးတွေကို အနာဂါတ်အတွက် အရင်းအနှီးတစ်ခုအနေနဲ့ အသုံးပြုလိုက်မယ်ဆိုရင် ဘယ်လောက်တောင် အကျိုးရှိလိုက်မလဲလေနော် . . . ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာတွေအတွက် ကိုယ့်ရဲ့ငွေကို ကောင်းကောင်းမွန်မွန်အသုံးချမယ်ဆိုရင် ကိုယ်အောင်မြင်လာတဲ့အခါ Branded တွေ Luxury Product တောင်မလိုတော့ပဲ တကိုယ်တော် တောက်ပနေမှာ သေချာပါတယ်။ Casper Lin (Online စီးပွားရေး အကြံပေး) ချစ် ခင် လေး စား စွာဖြင့် #မိုး ☂

ဘုန်းကြီးတစ်ပါးရေးတဲ့ကဗျာ

ဘုန်းကြီးတပါးရေးတဲ့ကဗျာ "မြို့ကြီးပြကြီးနဲ့သာသနာ့ရေစီးကြောင်း" မြို့နယ်သံဃနာယက ဆိုင်းဘုတ်နဲ့ကျောင်းဆောင်ကို ခေါင်းထောင်ကြည့်လိုက်တော့ ဝရံတာမှာ ကလေးနို့လှန်တိုက်နေရှာတဲ့ သားသည်မိခင်ကိုတွေ့ရ..… မဆန်းပါဘူးလေ... ကျောင်းတိုင်းလိုလိုမှာ သင်္ကန်းနဲ့ပုဆိုးထဘီ တစ်တန်းထဲလှန်းနေတာ ရိုးရာလိုဖြစ်နေပြီဆိုမှတော့... ကျောင်းတို့ရဲ့ရိုးရာ မျိုးဘာသာဖျက်ပွဲတစ်ခုလို့ပဲ မှတ်ယူရုံပေါ့။ စိတ်ပြေလက်ပျောက် ဘုရားတွေလျှောက်ဖူးတော့ ခြောက်ထပ်ကြီးစောင်းတန်းမှာ ဘော်လီတွေ ဆိုဒ်စုံရတယ်ဆိုတာလည်းတွေ့ရ… ဪ… သားအဖတွေစည်းလုံးနေပုံများ ပြည့်လျှံအဖုံးပွင့်ထွက်နေတဲ့ စည်ပင်အမှိုက်ပုံးကြီးလို...။ ဒီလိုနဲ့သာသနာဟာ... ယင်တွေတဝီဝီနဲ့စည်စည်ကားကား..... နွားကျောင်းသားလက်ထဲက ပုလွေသံလောက်မှမချိုသာတော့…။ " ဒါနတော ဘောဂဝါ "တွေ လှိုင်လှိုင်ပြောပီး ဘဏ်တိုးတွေနဲ့ အမျိုးတွေနဲ့နှပ်နေကြတာလည်း ဓမ္မကထိကလက်သစ်တစ်ချို့ရဲ့ ခရိုနီဈေးကွက်နည်းစနစ်တစ်ခု…။ သူ့ကျောင်းမှာ… သင်္ကန်းအပြဲနဲ့ကိုရင်လေးက ခြုံစရာစောင်မရှိ…။ သာသနာမျိုးဆက်သစ်လေးဟာ သူ့အမျိုးမဖြစ်တာ တစ်ခုထဲနဲ့တင် လေမတိုက်ပဲ လဲပေးလိုက်ရတဲ့ သစ်ပင်လေးပေါ့…။ နောက်မှ…လူကြားကောင်းအောင် သာသနာကုန်ကြမ်းတွေရှားကြောင်း... အနာဂတ်အတွက်…ရတက်မအေးဟန် ဝမ်းခေါင်းလေသံကြီးနဲ့ ဟန်ပါပါ…ညည်းကြတာပေါ့လေ…။ တရားခံဟာ…တရားလိုပဲဆိုတာ အဖြေမပေါ်ခင် တစ်နေ့အထိ အဆင်ပြေနေပါလိမ့်ဦးမယ်…။ လပြည့်ည ရွှေတိဂုံမှာတော့... ရွှေတွေပုံနေတော့ ဝင်းနေတာပဲ။ ဘုရားရှေ့မှာ တရားနဲ့မွေ့နေတဲ့သူထက် ဖုန်းတကားကားနဲ့ ဆယ်ဖီသမားတွေရယ် အီစီကလီညုနေတဲ့ သမီးရည်းစားတစ်စုရယ်... သင်္ကန်းဝတ်သူတောင်းစားတွေရယ်... လပြည့်ညမှာ... ပြည့်ပြည့်ဝဝ ဖူးလိုက်ရတယ်…။ ထမင်းဆိုင်တွေကလည်း အပြိုင်အဆိုင် ... "အရှင်ဘုရားတို့ ဝက်သားနဲ့လား? ကြက်သားနဲ့လား? ကြိုက်သလိုစား တစ်ပွဲ ထောင့်ငါးရာ"တဲ့…။ ညကြီးအချိန်မတော် သူဘယ်လိုများ အော်ထွက်ပါလိမ့်... ကြားစက…စိတ်ထဲထင့်သွားတယ်။ နောက်မှ ... ပါရာဇိကဏ် ဝိနီတဝတ္ထုထဲက မက္ကဋီမျောက်မကို အာရုံပြုကြည့်မိရင်း သဘောပေါက်တယ်။ ဪ... အားလုံးကို သူ့ဖောက်သည်တွေဆိုတဲ့ အကြည့်မျိုးလေ။ မန္တလေး ဂေါဝိန်ဆိပ်ကမ်းလမ်းမှာလည်း ညဘက် အပြန်... မအောင့်နိုင်လို့ ကျင်ငယ်ဆင်းစွန့်တော့ အနားမှာ ဒကာတစ်ယာက် တိုးတိုးလေးကပ်လျှောက်တယ်။ "လုပ်ဦးမလား? တစ်သောင်းပဲထား”တဲ့။ ဪ....အားလုံးကို မက္ကဋီ မျောက်မတွေက ဖောက်သည်လို ကြည့်ကုန်ပြီ ...။ ပိုက်ဆံအိတ် ဖောင်းဖောင်းနဲ့ ကားအကောင်းစားကြီးများ ကျောင်းထဲဝင်လာရင် ခြေသလုံး ပြေးမဖက်ရုံတမယ် သာသနာကို ကာကွယ်နေတဲ့ သာသနာစောင့် ကျောင်းထိုင်ဘုန်းတော်ကြီးများလည်း ရှိရဲ့။ ကျောင်းရှေ့ မျက်နှာသာမှာလည်း... ဆိုင်ခန်းတွေအသီးသီးနဲ့ ဘုန်းကြီးတို့… အမျိုးစောင့်ရှောက်ထားပုံများ... ကုသိုလ်လည်းရ…ဝမ်းလည်းဝဆိုပဲ။ အထပ်မြင့်ကျောင်းကြီးတွေဆောက်ဖို့.. နှိုးဆော်စာ ဆိုင်းဘုတ်က "သဗဗှဒါနံ ဝိဟာရဒါနံ ဇိနာတိ"တဲ့။ စာသင်သားတစ်ပါး လက်ခံဖို့ကျ ဒီအထပ်မြင့်ကျောင်းကြီးတွေမှာ ကျောတစ်နေရာစာ နေရာ အတော်ရှားတယ်။ ကျောင်းကြီးလည်းပြီးရော.. မောင်းတီးပြီး အမျိုးတွေခေါ်ထားကြ.. ဒီလိုနဲ့...ကျောင်းတွေဟာ ပရိယတ်အသံတိတ်လို့ ထဘီတန်းတွေ… ကျောင်းခေါင်ချိတ်ကုန်ပြီ။ "စိရံ တိဋ္ဌတု"အသံကောင်းဟစ်ဟစ် တစ်မြို့လုံးကြားအောင် လော်တပ်ပြီး ပဋ္ဌာန်းရွတ်ရွတ် ဒီအညစ်တွေ ... ခေါင်းကစပြီး လောင်းမရှင်းသရွေ့ ဒီသာသနာဟာ ဘယ်တော့မှ လင်းလာမှာမဟုတ်။ ကိုယ့်အမှောင်နဲ့ကို မျက်နှာပြောင်တိုက်ပြီး အမိုက်ပြိုင်နေပုံများ ... ဆွမ်းစားဝိုင်းမှာ ကားကြောင်းတွေလှိုင်လှိုင် ကျောင်းချင်းတပြိုင်ပြိုင်နဲ့ ဓမ္မအသံတွေ ဆိတ်သုဉ်းလို့... "ဒီနေ့ကပ်တဲ့ ဝက်သားဆွမ်းက မနေ့က သုံးထပ်သားလောက် မလန်းဘူး"ဟု လေးထပ်ကျောင်းထိုင် ဆရာတော်တစ်ပါးကလည်းမိန့်…။ သဲစိုပေါ် ဗိုက်မှောက်ပြီး ပိဋကတ်တော်များ မပျောက်ပျက်အောင် စောင့်ရှောက်လာခဲ့တဲ့ ရှေးဆရာ မထေရ်ကြီးများ... ဘဝဂ်ဘုံမှာရှိသေးရင် ဒီအသံတွေကြား ဘယ်လောက်များ နားခါးရှာမလဲ။ ဝေသာလီမှာ အငတ်ကပ်ဆိုက်တော့...

"မြေလှန်ပြီး မြေဆီထုတ်ကပ်မယ်"ဆိုတဲ့ တန်ခိုးပြင်းထန် အရှင်မောဂ္ဂလာန်ကို မြတ်ဗုဒ္ဓက တားတယ်။ နောက်ဘုန်းတော်များကျ အသားပြွမ်းတဲ့ သလေးဆွမ်းကိုတောင် နှာခေါင်းရှုံ့ကြဦးမယ်တဲ့ ။

နှစ်၂၅၀၀ကျော်ကို လှမ်းကြည့်ပြီး ပစ်ပေါက်လိုက်တဲ့ စကားတစ်ခွန်းက နျုကလီးယားထိပ်ဖူးတပ် ဒုံးကျည်ထက် အဆတရာမက ပြင်းတယ်။

ထိချက်က တစ်ဆံခြည်မလွဲ ဒီကနေ့ အားလုံးနဖူးတည့်တည့်မှာ သွေးစွန်းအောင် မှန်နေပြီပဲလေ။ ။

အရှင်ကုမာရ ( ပခုက္ကူ )

**************

ပညာရှိသူတော်ကောင်းများ အမိမြေရှိဗုဒ္ဓသာသနာတော်ကို အချိန်မှီကယ်တင်နိုင်ရန်အတွက် အထက်ဖော်ပြပါကဗျာလေးကို များများဖြန့်ဝေပေးစေလိုပါသည်။ အရှင်တေဇနိယ(မန်းတောင်ခြေ) #CREDIT. photo also

07/12/22

အသီးမှာသရက်

ကျွန်တော် လုံးဝ မသိခဲ့ ။ 👇👇 ကျန်တဲ့သူတွေရော ကျွန်တော် လို အမှားကြီးပဲ သိထားကြတာလား ခင်ဗျ ✍ *အသီးမှာသရက် * အသားမှာဝက် * အရွက်မှာလက်ဖက် ဟူသောစကားကိုကြားဖူးကြမည်ဖြစ်ပါသည်။ အမှန်ဟုလည်းထင်နေကြမည် ဟုယုံကြည်ပါသည်။ ကျွန်ေတာ်လည်းထိုစကားကိုအမှန်ဟုယုံကြည်ခဲ့ပါသည်။ အမှန်မှာ..... ထိုသို့မဟုတ်ပါကြောင်း ထိုနေ့ကဆရာတော်ဟောကြားသောတရားစကားစုအချို့မှမှတ်သားသိရှိခဲ့ရပါသည်။ ရှေ.ယခင်လူကြီးသူမတို့ထားခဲ့ကြသည့်စကားအမှန်မှာ... (၁) အသီးမှာသရက်မဟုတ်ပါ။ အသီးဆိုရင်အပင်ကခူးပြီးတစ်ရက်ပဲထားပါ တစ်ရက်ထက်ပိုကြာရင် အသီးမှာပါဝင်တဲ့အာဟာရဓါတ်များလျော့ပါးသွားတတ်ပါတယ်။ "အသီးမှာတစ်ရက်" ဟုဆိုလို့ခြင်းဖြစ်ပါတယ်။ (၂) အသားမှာဝက်မဟုတ်ပါ။ အသားကိုစားမယ်ဆိုရင်တစ်ဝက်၊ ဝက်ပြီးအသီးအနှံနှင့်ရောချက်ပါလို့ဆိုလိုခြင်းသာဖြစ်ပါတယ်။ "အသားမှာထက်ဝက်" ဖြစ်ပါတယ်။ (၃) အရွက်မှာလက်ဘက်မဟုတ်ပါ။ အရွက်လေးတွေကိုခူးချက်တော့မယ်ဆိုရင် ဓါး ကတ်ကြေး စသည်တို့နှင့်မဖြတ်ဘဲ၊ လက်ကလေးနဲ့ဖဲ့ချွေပြီးမှချက်ပါက အာဟာရပို၍ဖြစ်စေပါတယ်။ "အရွက်မှာလက်ဖဲ့"ဟု ဆိုလိုခြင်းသာဖြစ်ပါသည်။ ဟု မရှိခဏဆရာတော်ဘုရား၏တရားတော်တွင် ပါရှိပါသည်။ အမှားကြာ၍အမှန်ထင်နေကြသည့်စကားများဟု ဗဟုသုတအဖြစ်မှတ်သားသိရှိခဲ့ရပါသည်။ ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။

ခင်လေး

(ပြည်ထောင်စုနယ်မြေ)

(Edited Male Version) Credit to original uploader

05/12/22

Credit From KBZ PAY

"ပတ္တမြားမှန်ရင် နွံမနစ်ဘူး" ဆိုတဲ့ စကားအတိုင်း အရည်အချင်းတွေသာ ပြည့်ဝနေမယ်ဆိုရင် တိုးတက်ရာလမ်းကြောင်းကို ဘယ်သူမှ ပိတ်ပင်ထားဖို့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် အရည်အချင်းတွေနဲ့ တောက်ပြောင်နေသူကို အလုပ်ရှင်တိုင်း၊ အကြီးအကဲတိုင်းက သဘောကျစမြဲ ဖြစ်ပြီး ရာထူးတိုးပေးဖို့၊ လစာတိုးပေးဖို့ ဦးစားပေး စဉ်းစားတတ်ကြလို့ပါပဲ။ အရည်အချင်းရှိသူကို လက်လွတ်မခံချင်တာကြောင့် အခွင့်အရေးတွေလည်း ပိုပေးတတ်ကြပါတယ်။

ဒါဆိုရင် ဘယ်လိုအရည်အချင်းတွေနဲ့ တောက်ပြောင်နေဖို့ လိုအပ်မလဲ။ သိချင်သွားပြီဆိုရင် ဒီဆောင်းပါးကိုသာ အဆုံးအထိ ဖတ်ကြည့်လိုက်ပါ။ ရာထူးတိုး၊ လစားတိုးစေမယ့် အရည်အချင်းတွေကို ရှာတွေ့ပါလိမ့်မယ်။

📌 ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ ဖြစ်ပါစေ📌

ဝန်ထမ်းကောင်းတစ်ယောက်လို့ ပြောလိုက်တာနဲ့ သူ့မှာ ရှိနေရမယ့် အရည်အချင်းတွေထဲမှာ ပေါင်းသင်းဆက်ဆံရေးစွမ်းရည် (Communication Skill) ဟာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ အလုပ်တွေ ပြီးမြောက်ဖို့ အထက်လူကြီးတွေနဲ့သာမက တခြားဝန်ထမ်းတွေနဲ့ပါ ကောင်းကောင်းချိတ်ဆက်အလုပ်လုပ်နိုင်ဖို့ လိုအပ်တာကြောင့်ပါပဲ။ ပိုမိုကောင်းမွန်စွာ ချိတ်ဆက်ပြောဆိုနိုင်လေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပိုရှိလေဖြစ်ပြီး အလုပ်လည်း ပိုတိုးတက်လာနိုင်ပါတယ်။ မလိုအပ်ဘဲ နားလည်မှုလွဲတာတွေ နည်းသွားပြီး လုပ်ငန်းခွင်ပြဿနာတွေလည်း လျော့လာနိုင်ပါတယ်။

📌 အချိန်နဲ့အဖွဲ့အစည်းကို ကောင်းကောင်းစီမံခန့်ခွဲတတ်ပါစေ

လုပ်ငန်းကြီးရင်ကြီးသလောက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ၊ ကြုံတွေ့ရမယ့် ပြဿနာတွေနဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့် အလုပ်တွေက များပြားတတ်ပါတယ်။ ဘယ်က စလုပ်လို့ လုပ်ရမှန်း မသိအောင်လည်း ရှုပ်ထွေးနိုင်ပါတယ်။ ဒီနေရာမှာ ဒါတွေကို စနစ်တကျ စီမံခန့်ခွဲတတ်သူက တစ်ပန်းသာပြီး အလုပ်တွင်သူအဖြစ် ပုံရိပ်ထင်ကျန်စေမှာ ဖြစ်ပါတယ်။ အချိန်ကို ကောင်းကောင်း စီမံတတ်မယ်၊ လုပ်ရမယ့်အလုပ်တွေကို ကောင်းကောင်း ခန့်ခွဲတတ်မယ်၊ အတူတွဲလုပ်သူတွေနဲ့လည်း ချိန်ညှိလုပ်ဆောင်တတ်မယ်ဆိုရင် ... သေချာပြီ၊ စီမံခန့်ခွဲရတဲ့ မန်နေဂျာရာထူး ပေးဖို့ ထည်သွင်းစဉ်းစားခံရနိုင်ပါတယ်။

📌 တီထွင်ကြံဆနိုင်စွမ်း ရှိပါစေ

ပန်းတိုင်တူတဲ့ အလုပ်တစ်ခုကို ပေးလိုက်တယ် ဆိုပါစို့။ အဲဒီပန်းတိုင်ကို အချိန်တိုအတွင်း ရောက်ရှိအောင် ပို့ဆောင်ပေးမယ့်လမ်းကြောင်းကို ဘယ်လိုအရည်အချင်းက ဖော်ဆောင်ပေးတယ် ထင်ပါသလဲ။ ဟုတ်ပါတယ် ... အများနဲ့မတူအောင် သစ်ဆန်းတဲ့ အတွေးသစ်၊ အမြင်သစ်တွေကို ပေးစွမ်းမယ့် တီတွင်ဖန်တီးကြံဆနိုင်စွမ်းပါပဲ။ ဘယ်လိုအလုပ်မျိုးကိုမဆို အိုင်ဒီယာကောင်းသူက တိုးတက်အောင် ကြံဆနိုင်သလိုပဲ အဲဒီလိုကြံရည်ဖန်ရည်ကောင်းတဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်ရှင်နဲ့ အကြီးအကဲတွေက သဘောကျတတ်ပါတယ်။ ဒါကြောင့် အတွေးသစ်၊ အမြင်သစ်တွေနဲ့ အလုပ်လုပ်တတ်ဖို့ ကြိုးစားအားထုတ်နေသူ ဖြစ်ပါစေနော်။

📌 အကဲဖြတ်စွမ်းရည်လည်း ကောင်းပါစေ

အကဲဖြတ်တယ်ဆိုတဲ့ နေရာမှာ (၂) မျိုး တွေးကြည့်နိုင်ပါတယ်။ တစ်ခုက ကိုယ့်အားသာချက်၊ အားနည်းချက်တွေနဲ့ပတ်သက်တာဖြစ်ပြီး နောက်တစ်ခုကတော့ လုပ်ငန်းတိုးတက်မှု၊ ဆုတ်ယုတ်မှုနဲ့ ပတ်သက်ပါတယ်။ ဒီနေရာမှာ ဘာလို့ အလုပ်ရှင်နဲ့ အကြီးအကဲတွေက အကဲဖြတ်စွမ်းရည်ကို သဘောကျကြသလဲဆိုရင် အကဲဖြတ်နိုင်တွေသူကပဲ ကိုယ်တိုင်တင်သာမက လုပ်ငန်းရဲ့တိုးတက်မှုကို ရှာဖွေနေကြလို့ပါပဲ။ ကျရှုံးနေတယ်ဆိုရင် ဘာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရသလဲ လေ့လာမယ်၊ ဘယ်လိုတိုးတက်အောင် ပြန်လုပ်ဆောင်ရမလဲ ရှာဖွေမယ်၊ ဒီလိုနည်းနဲ့ လုပ်ငန်းကို တိုးတက်ခြင်းဆီ အရောက်ပို့နိုင်ကြလို့ပါပဲ။ ဒီလိုကြိုးစားအားထုတ်တတ်သူက ရာထူးတိုး၊ လစာတိုးခံရဖို့ အခွင့်အရေးများတတ်ကြပါတယ်။

📌 ယုံကြည်စိတ်ချရသူ ဖြစ်ပါစေ

လုပ်ငန်းရှင်နဲ့ အကြီးအကဲတွေဟာ တခြားအရေးကြီးတဲ့ အလုပ်တွေကို အချိန်ပေးလုပ်ဆောင်ဖို့ တချို့အလုပ်တွေကို လက်လွှဲပေးချင်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အလုပ်က လစာကိစ္စလို လျှို့ဝှက်ထားဖို့ လိုအပ်တဲ့အတွက် ဒီအလုပ်ကို လက်လွှဲပေးမယ့်သူဟာ ယုံကြည်ရတဲ့သူ ဖြစ်ဖို့လည်း လိုနေပါတယ်။ ဒါဆို ဘယ်လိုလူမျိုးကို သူ ရှာဖွေမလဲ။ စိတ်ချယုံကြည်ရလောက်အောင် နှုတ်လုံမှု၊ ရိုးသားမှု၊ ပွင့်လင်းမှုတွေနဲ့ ပြည့်စုံနေတဲ့သူပေါ့။ အဲဒီလူကသာ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ အလုပ်ဖြစ်တဲ့တိုင်အောင် လွဲချော်မှုမရှိ၊ ပေါက်ကြားမှုမရှိ အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အကြီးအကဲတို့ရဲ့ ယုံကြည်မှုကို ရတဲ့အတွက်လည်း ရာထူးတိုးခံရဖို့ အခွင့်အရေးဟာ လက်တစ်ကမ်းအကွာမှာပါပဲ။

လိုက်နာကျင့် ကြံပါက ဘဝတစ်စိတ်တစ်ပိုင်းအ ေထာက်အကူြပုမှာပါ ။

29/11/22

တော(၈)မျိုး

တော ၈ မျိုးရှိတယ်ဆိုတာ အခုမှသိတော့တယ်...😁 တောရှစ်မျိုး

၁။ မြိုင်

၂။ ဂနိုင်

၃။ ရဂုံ

၄။ စုံ

၅။ ခင်တန်း

၆။ ပြား

၇။ အင်တိုင်း

၈။ စေးပျစ်

ဟူ၍ ဖြစ်လေသည်။

မြိုင် ---

စိမ့်စမ်း သစ်ပင်တို့ဖြင့် ဝေဆာသော တောမျိုး

ဂနိုင် ---

အလွန် နက်ရှိုင်း ထူထပ်သော တောမျိုး

ရဂုံ ----

သာယာလျှက် ကြည်နူး ပျော်ရွှင်ဘွယ် ကောင်းသော တောမျိုး

စုံ ----

တစ်တောနှင့် တစ်တော ဆက်စပ်နေလျှက် လမ်းခရီးရှိသည့် တောမျိုး

ခင်တန်း ----

ချုံကြီး ချုံငယ်များ ပြွမ်းတီး စီတန်းကာ အမြင့် အနိမ့် အလိုက် ပေါက်ရောက်နေသော တောမျိုး

ပြား ----

ညွံထူထပ်သော တောမျိုး

အင်တိုင်း ----

ကျောက်တန်း ကျောက်စရစ် ထူပြော၍မြက်များ ရောနှော ပေါက်တတ်သည့်တောမျိုး

စေးပျစ် ----

စည်းရိုးသဖွယ် ဖြစ်နေအောင် ထူထူထပ်ထပ်သစ်ပင် ပေါက်တတ်သည့် တောမျိုး

ဤတော ရှစ်မျိုးကို ခြုံ၍ ကဗျာတစ်ပုဒ်ဖြစ် အောင် စပ်ဆို ခဲ့ကြလေသည် ။

စိမ့်စမ်းဝေဆာ ၊ တပြားလွန်နက် ၊ တစ်ချက်သာမော ၊ သကော့တသီး၊ လမ်းခရီးနှင့် ၊ ချုံကြီးချုံငယ် ၊ တသွယ်ညွန်ထူ ၊ တမူကျောက်ပေါ ၊ မြက်နှောသဏ္ဍာန် ၊ တတန်စည်းရိုး ၊ ပြည့်ဖြိုး သစ်ပင် ဤရှစ်အင်သည် ခေါ်တွင် ကျော်ဟိုး တောရှစ်မျိုး ဟူသတည်း ။

မူရင်းရေးသူ ဆရာကြီးဦးဟုတ်လင်း ဆောင်းပါး၊ကဗျာ၊စာစီစာကုံး အစရှိသည်တို့ အတွက် ရည်ညွှန်းကိုးကားသိရှိနိုင်ရန် ဗဟုသုတအနေဖြင့်မျှဝေပါသည်။

အလင်းပညာရေး

Credit 🌹