ဘာသာစကားရွေးချယ်ရန်

29/11/22

တော(၈)မျိုး

တော ၈ မျိုးရှိတယ်ဆိုတာ အခုမှသိတော့တယ်...😁 တောရှစ်မျိုး

၁။ မြိုင်

၂။ ဂနိုင်

၃။ ရဂုံ

၄။ စုံ

၅။ ခင်တန်း

၆။ ပြား

၇။ အင်တိုင်း

၈။ စေးပျစ်

ဟူ၍ ဖြစ်လေသည်။

မြိုင် ---

စိမ့်စမ်း သစ်ပင်တို့ဖြင့် ဝေဆာသော တောမျိုး

ဂနိုင် ---

အလွန် နက်ရှိုင်း ထူထပ်သော တောမျိုး

ရဂုံ ----

သာယာလျှက် ကြည်နူး ပျော်ရွှင်ဘွယ် ကောင်းသော တောမျိုး

စုံ ----

တစ်တောနှင့် တစ်တော ဆက်စပ်နေလျှက် လမ်းခရီးရှိသည့် တောမျိုး

ခင်တန်း ----

ချုံကြီး ချုံငယ်များ ပြွမ်းတီး စီတန်းကာ အမြင့် အနိမ့် အလိုက် ပေါက်ရောက်နေသော တောမျိုး

ပြား ----

ညွံထူထပ်သော တောမျိုး

အင်တိုင်း ----

ကျောက်တန်း ကျောက်စရစ် ထူပြော၍မြက်များ ရောနှော ပေါက်တတ်သည့်တောမျိုး

စေးပျစ် ----

စည်းရိုးသဖွယ် ဖြစ်နေအောင် ထူထူထပ်ထပ်သစ်ပင် ပေါက်တတ်သည့် တောမျိုး

ဤတော ရှစ်မျိုးကို ခြုံ၍ ကဗျာတစ်ပုဒ်ဖြစ် အောင် စပ်ဆို ခဲ့ကြလေသည် ။

စိမ့်စမ်းဝေဆာ ၊ တပြားလွန်နက် ၊ တစ်ချက်သာမော ၊ သကော့တသီး၊ လမ်းခရီးနှင့် ၊ ချုံကြီးချုံငယ် ၊ တသွယ်ညွန်ထူ ၊ တမူကျောက်ပေါ ၊ မြက်နှောသဏ္ဍာန် ၊ တတန်စည်းရိုး ၊ ပြည့်ဖြိုး သစ်ပင် ဤရှစ်အင်သည် ခေါ်တွင် ကျော်ဟိုး တောရှစ်မျိုး ဟူသတည်း ။

မူရင်းရေးသူ ဆရာကြီးဦးဟုတ်လင်း ဆောင်းပါး၊ကဗျာ၊စာစီစာကုံး အစရှိသည်တို့ အတွက် ရည်ညွှန်းကိုးကားသိရှိနိုင်ရန် ဗဟုသုတအနေဖြင့်မျှဝေပါသည်။

အလင်းပညာရေး

Credit 🌹